မြေအိုး/ထဲ၌ ရှိသော/ရတနာ
4
ထို့ကြောင့် ကျွန်ုပ်တို့/သည် ဘုရားသခင်/၏ ကရုဏာတော်/ကို ခံစားရသည်/နှင့်အညီ ဤ/အမှုတော်/ကို ဆောင်ရွက်ရ/သောကြောင့် စိတ်ပျက်/အားလျော့ခြင်း/မရှိကြပေ။ 2 ကျွန်ုပ်တို့/သည် ဆိတ်ကွယ်ရာ/၌ ပြုသော ရှက်ရွံ့ဖွယ်/အမှုတို့/ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်/ကို မသုံးကြ။ ဘုရားသခင်/၏ နှုတ်ကပတ်တော်/ကိုလည်း မှောက်လှန်/၍ မဟောပြောကြ။ ဘုရားသခင်/ရှေ့တော်/၌ ကျွန်ုပ်တို့/မှာ မည်သို့သော/သူများ/ဖြစ်သည်/ကို သူတို့/စိတ်/ထဲက သိနိုင်/ရန် အမှန်တရား/ကိုသာ အတိအလင်း/ဖော်ပြကြ၏။
3 ကျွန်ုပ်တို့/ဟောပြောသော သတင်းကောင်း/သည် ဖုံးအုပ်ခြင်း/ခံရသည်/ဆိုလျှင် ပျက်စီးတော့မည့်/သူတို့/အတွက်သာ ဖုံးအုပ်ခြင်း/ခံရ၏။ 4 ဤ/လောက/၏ ဘုရား/ဖြစ်သော စာတန်/သည် မယုံကြည်သောသူတို့/၏ စိတ်နှလုံး/ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့/သည် ဘုရားသခင်/၏ ပုံသဏ္ဌာန်တော်/ဖြစ်သည့် ခရစ်တော်/၏ ဘုန်းအသရေ/နှင့်/ပြည့်စုံသော သတင်းကောင်း/၏/အလင်း/ကို မမြင်နိုင်ခြင်း/ဖြစ်၏။
5 ကျွန်ုပ်တို့/သည် မိမိတို့/အကြောင်း/ကို ဟောပြောကြသည်/မဟုတ်။ ယေရှု/ခရစ်တော်/သည် သခင်/ဖြစ်ကြောင်း/နှင့် ကျွန်ုပ်တို့/သည် ယေရှု/အတွက် သင်တို့/၏ အစေအပါးများ/ဖြစ်ကြောင်း/ကို ဟောပြောကြခြင်း/ဖြစ်၏။ 6 “အမှောင်/ထဲမှ အလင်း/ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်/သည် ယေရှု/ခရစ်တော်/၏ မျက်နှာတော်/၌ ထွန်းလင်းသည့် မိမိ/ဘုန်းတော်/ကို သိနိုင်သော/ဉာဏ်/အလင်း/ကို ကျွန်ုပ်တို့/၏/နှလုံးသား/ထဲ၌ ထွန်းလင်း/စေတော်မူ၏။
7 ထွန်းလင်းနေသည့် ထို/ရတနာ/သည် မြေအိုး/သဖွယ်/ဖြစ်သော ကျွန်ုပ်တို့/ထဲ၌ ရှိ၏။ ဤသည်/မှာ သတင်းကောင်း/၏/ကြီးမြတ်သော/တန်ခိုး/သည် ကျွန်ုပ်တို့/ထံမှ မဟုတ်ဘဲ ဘုရားသခင်/ထံမှ ဖြစ်ကြောင်း ပေါ်လွင်/စေရန်/ဖြစ်၏။
8 ကျွန်ုပ်တို့/သည် ဆင်းရဲဒုက္ခ/အမျိုးမျိုး/ဖြင့် ဖိနှိပ်/ခံရ/သော်လည်း မပြိုလဲ။ ဖြစ်ပျက်နေသည့်/အရာများ/အတွက် ဇဝေဇဝါ/ဖြစ်ရ/သော်လည်း စိတ်ပျက်/အားလျော့ခြင်း/မရှိ။ 9 ညှဉ်းပန်း/နှိပ်စက်ခြင်း/ကို ခံရ/သော်လည်း ဘုရားသခင်/၏ စွန့်ပစ်ခြင်း/ကို မခံရ။ အလဲထိုးခံရ/သော်လည်း ရှုံးနိမ့်ခြင်း/မရှိကြ။ 10 ကျွန်ုပ်တို့/သည် ဆင်းရဲဒုက္ခ/ခံရခြင်း/အားဖြင့် ယေရှု/အသေခံတော်မူခြင်း/ကို ကျွန်ုပ်တို့/၏ ကိုယ်ခန္ဓာ/တွင် အစဉ်/ဆောင်ထားကြသည်/မှာ ယေရှု/အသက်ရှင်တော်မူခြင်း/ကို ကိုယ်ခန္ဓာ/တွင် ပေါ်လွင်/ထင်ရှား/စေရန်/ဖြစ်၏။
11 သေမျိုး/ဖြစ်သော ကျွန်ုပ်တို့/၏/ကိုယ်ခန္ဓာ/၌ ယေရှု/အသက်ရှင်တော်မူကြောင်း ပေါ်လွင်/ထင်ရှား/နိုင်ရန် အသက်ရှင်/စဉ်/ကာလ/တွင် ကျွန်ုပ်တို့/သည် ယေရှု/ကို/အစေခံ/၍ အစဉ်မပြတ် သေဘေး/နှင့် ရင်ဆိုင်/ကြရ၏။ 12 ထိုသို့ ကျွန်ုပ်တို့/သည် သေဘေး/နှင့် ရင်ဆိုင်ရ/သော်လည်း ဤ/အရာ/သည် သင်တို့/အတွက် ထာဝရ/အသက်/ကို ရရှိ/စေ၏။
13 ကျမ်းစာ/၌ “ငါ/ယုံကြည်/သောကြောင့် ငါ/ဟောပြော၏” ဟု ရေးသားထား၏။ ကျွန်ုပ်တို့/တွင်လည်း ထို/ယုံကြည်သည့်/စိတ် ရှိ/သဖြင့် ဟောပြောကြ၏။ 14 သခင်/ယေရှု/ကို သေခြင်း/မှ ရှင်ပြန်/ထမြောက်စေတော်မူသော/ဘုရားသခင်/သည် ကျွန်ုပ်တို့/ကိုလည်း ယေရှု/ထမြောက်တော်မူသည်/နည်းတူ ထမြောက်စေ/ပြီးလျှင် သင်တို့/နှင့်အတူ ရှေ့တော်မှောက်/သို့ ခေါ်သွင်းတော်မူမည်/ဖြစ်ကြောင်း/ကို ကျွန်ုပ်တို့/သိကြ၏။ 15 ဤ/အခြင်းအရာ/အားလုံး/သည် သင်တို့/အကျိုး/အတွက်/ဖြစ်၏။ ဤသည်/မှာ ဘုရားသခင်/၏ ကျေးဇူးတော်/ကို ခံစားရသောသူ ပို၍/များလာသည်/နှင့်အမျှ ဘုရားသခင်/၏ ဘုန်းတော်/ထင်ရှား/ရန် ကျေးဇူးတော်/ချီးမွမ်းခြင်း/သည်လည်း ပို၍ များလာ/ရန်/ဖြစ်၏။
16 ထို့ကြောင့် ကျွန်ုပ်တို့/သည် စိတ်ပျက်/အားလျော့ခြင်း/မရှိ။ ကျွန်ုပ်တို့/၏ အပြင်ပန်း/ကိုယ်ခန္ဓာ/သည် ပျက်စီး/ယိုယွင်းလာ/သော်လည်း ကျွန်ုပ်တို့/၏ အတွင်း/စိတ်/ခွန်အား/မှာမူ နေ့စဉ်/နှင့်အမျှ အသစ်/တိုးပွား/လျက်/ရှိ၏။ 17 ကျွန်ုပ်တို့ ခဏတာ/ခံရသည့် ပေါ့ပါးသော/ဆင်းရဲဒုက္ခ/သည် ကျွန်ုပ်တို့/အတွက် အလွန်/ထူးမြတ်သော ထာဝရ/ဘုန်းအသရေ/ကို ဖြစ်ပွားစေ၏။ 18 ထို့ကြောင့် ကျွန်ုပ်တို့/သည် ယခု/မြင်ရသော/အရာများ/ကို အာရုံ/မစိုက်ဘဲ မမြင်ရသော/အရာများ/ကိုသာ အာရုံစိုက်ကြ၏။ မြင်ရသော/အရာများ/သည် မကြာမီ/ပျောက်ကွယ်သွားမည်/ဖြစ်ပြီး မမြင်ရသော/အရာများ/သည် ထာဝရ/တည်မြဲ/လိမ့်မည်။